မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဘာကြောင့် စုထားလဲ
ကျွန်တော်တို့ ပံ့ပိုးရေးအဖွဲ့ဆီ တစ်နေ့တာ ဝင်လာတဲ့ မက်ဆေ့ချ်တွေထဲက အများဆုံး ထပ်ခါထပ်ခါ ပေါ်တဲ့ မေးခွန်းတွေကို ဒီမှာ စုစည်းပေးထားတာပါ။ ငွေသွင်းတဲ့အခါ KBZPay အက်ပ်ထဲက ဘယ်ခလုတ်ကိုနှိပ်ရမလဲ၊ WavePay နဲ့ ငွေထုတ်ရင် ဘယ်လိုအဆင့်တွေ ကြုံမလဲ၊ AYA Pay မှာ PIN ထည့်ပြီးရင် ငွေဘယ်နှစ်မိနစ်လောက်ဝင်မလဲ — ဒါမျိုး သိချင်တာတွေကို တစ်ခုချင်း ဖြေထားပါတယ်။ စာဖတ်ပြီး မရှင်းသေးရင် ကျွန်တော်တို့ရဲ့ Live Chat ကနေ တိုက်ရိုက် ဆက်သွယ်မေးလို့ရပါတယ်။ အကောင့်ဖွင့်နည်း၊ စကားဝှက်ပြောင်းနည်း၊ ဖုန်းအသစ်နဲ့ ပြန်ဝင်နည်း — ဒီအဆင့်တွေအားလုံးကိုလည်း ဖော်ပြထားပါတယ်။ ဘာမေးမလဲဆိုတာ မသိလည်း စာမျက်နှာကို တစ်ချက်ဆင်းကြည့်လိုက်ပါ။ သင့်မေးခွန်းအဖြေ ရှိနေပါလိမ့်မယ်။ ဒီနေရာက အဖြေတွေကို ပုံမှန် အပ်ဒိတ်လုပ်ပေးပါတယ်။ ဒါကြောင့် အသစ်ထပ်ဖြည့်ထားတာ ရှိ/မရှိ ရံဖန်ရံခါ ပြန်ဝင်ကြည့်ပါ။
- KBZPay
- WavePay
- AYA Pay